သံတွဲနှင့် ဂွမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၂၂ ဦး ဒဏ်ရာရ”

ရခိုင်ပြည်နယ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် ဩဂုတ်လ ၂၁ ရက်က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ထားသည်။

သံတွဲမြို့နယ်၊ ငပလီမြို့တွင် စစ်ဘေးရှောင်များ နေထိုင်ရာနေရာများအနီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာရှိ အထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းတို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များအပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ နေအိမ် ၃ လုံးနှင့် အခြားပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Photos: crd

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top