အရပ်သားဒေသများကို စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေ

ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ အရပ်သားဒေသများကို စစ်ကောင်စီတပ်မှ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ရာ အရပ်သားသေဆုံးမှုများနှင့် နေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများ ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KNU အုပ်ချုပ်မှုနယ်မြေဖြစ်သော ဘီးလင်းနှင့် ဘားအံမြို့နယ်များတွင် ၂၀၂၆ ခုနှစ် ဧပြီလအတွင်း စစ်တပ်က ကျေးရွာများကို Y-12 လေယာဉ်များ၊ ဂျက်ဖိုက်တာများ၊ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ အသက် ၈၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်း၊ နေအိမ် ၂၇ လုံးကျော်နှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင်လည်း စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်နှင့် လုံခြုံရေးအခြေအနေများမှာ အလွန်စိုးရိမ်ဖွယ်ဖြစ်လာနေကြောင်း သိရသည်။

Photos; crd

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top