ကော်သူးလေ ထိန်းချုပ်နယ်မြေ၊ ဒူးသထူးခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ (၃၁၀) အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေးငယ် ၁ ဦး သေဆုံးပြီး အခြား ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၁၉ ရက် နံနက် ၁၁ နာရီကျော်တွင် (၃၁၀) အမြောက်တပ်မှ ၁၂၂ မမ လက်နက်ကြီးကျည် ၂ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဘောလုံးကွင်းအနီးတွင် ကစားနေသူများနှင့် လာရောက်ကြည့်ရှုသူများအနက် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အခြား ၁၁ ဦးမှာ လက်နက်ကြီးကျည်စများ ထိမှန်ဒဏ်ရာရရှိခဲ့သည်။


Photos: Crd


