စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် ကျေးရွာများ ပျက်စီး

၂၀၂၆ ခုနှစ် မေလ ၁၁ ရက်နှင့် ၁၃ ရက်နေ့များတွင် စစ်ကောင်စီတပ်က မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ ကျေးရွာများနှင့် စာသင်ကျောင်းများကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုခဲ့သည်။​ ဘီးလင်းမြို့နယ်တွင် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး၊ တနင်္သာရီမြို့နယ် တကူကျေးရွာရှိ အထက်တန်းပြ စာသင်ကျောင်း အဆောက်အဦး ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ KNU က အဆိုပါ တိုက်ခိုက်မှုများသည် အရပ်သားပြည်သူများ၊ ကျေးရွာများနှင့် စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ အမြန်ပြုလုပ်ရန် တိုက်တွန်းထားသည်။

Photos; crd

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top