မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာတွင်ဘာသာရေးဆိုင်ရာအဆောက်အအုံအားလေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားများသေဆုံး၊ဒဏ်ရာရ

မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာရှိ ဘာသာရေးနှင့် ဆက်နွယ်သည့် အရပ်သားများ အသုံးပြုနေသော ဓမ္မာရုံအား ၂၀၂၆ခုနှစ်ဩဂုတ်လ၂၁ရက်နေ့နံနက်နာရီခွဲခန့်တွင်လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဥပုသ်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဓမ္မာရုံအတွင်း ဥပုသ်သီလ ဆောက်တည်နေကြသည့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၁၀ဦးထက်မနည်းသေဆုံးပြီးလူ၂၀ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ စစ်လေယာဉ်များမှ ဓမ္မာရုံအနီးသို့ တိုက်ရိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အဆောက်အအုံများ ပျက်စီးခဲ့ကာ အချို့သော ထိခိုက်သေဆုံးသူများမှာ အပျက်အစီးများအောက်တွင် ပိတ်မိခဲ့ကြောင်း သိရသည်။

BHRW ၏ စောင့်ကြည့်မှတ်တမ်းများအရ ဘာသာရေးနှင့် ဆက်နွယ်သည့် အဆောက်အအုံများသည် ပဋိပက္ခအတွင်း တိုက်ခိုက်ခံရမှုများနှင့် ရင်ဆိုင်နေရသည်။ 

photos crd

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top