စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာစဉ်ကျေးရွာအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ဦးသေဆုံး၊ နေအိမ် (၂၀) ကျော်ပျက်စီး

Sagaing Region

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ၂၀၂၆ ခုနှစ် မေလ (၂၀) ရက်နေ့ နေ့ခင်းပိုင်းနှင့် မေလ (၂၁) ရက်နေ့ ညပိုင်းအချိန်များတွင် ဒရုန်းများနှင့် တိုက်လေယာဉ်များအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ ထုတ်ပြန်ချက်အရ မေလ (၂၁) ရက်နေ့ ည (၉:၀၀) နာရီခန့်တွင် ရွှေဘိုမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒရုန်း (၂) စင်းနှင့် မန္တလေးတိုင်း၊ တံတားဦးမြို့ဘက်မှ တက်လာသည့် တိုက်လေယာဉ် (၁) စင်းတို့ဖြင့် ရွာစဉ်ကျေးရွာအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၆၀) ကျော်အရွယ် အဖွားအိုတစ်ဦး၊ အသက် (၂၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၂၀) အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးတို့ အပါအဝင် စုစုပေါင်း အရပ်သားပြည်သူ (၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဒေသခံပြည်သူ အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နေအိမ် (၂၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။​

Photos: crd

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top