ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးမှုအပေါ် “လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Burma)” ၏ ထုတ်ပြန်ချက်

BHRW’s Facebook page: click here

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်ကစစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး ၅၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Burma)” သည် သေဆုံးခဲ့သူများ၏ မိသားစုများနှင့်ထိခိုက်ခံစားနေရ သူ၏ မိသားစုဝင်များနဲ့အတူ အထူးဝမ်းနည်းရပါသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် “လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့ (Burma) ” မှ ပြင်းထန်စွာ ရှုတ်ချသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Burma) က အောက်ပါအချက်များကို တောင်းဆိုသည်-

၁။ စစ်ကောင်စီအနေဖြင့် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန်။

၂။ အရပ်သား ၄၉ ဦး သေဆုံးပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့် ပတ်သက်၍ အမှန်တရားပေါ်ပေါက် ရေးအတွက် လွတ်လပ်၍ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်နှင့် တာဝန်ရှိသူများကို တာဝန်ခံမှုရှိစေရန်နှင့် အရေးယူသွားရန်။​

၃။ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ထိခိုက်ခံစားနေရသည့် အရပ်သားများထံ ဆေးဘက်ဆိုင်ရာ အကူအညီ၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ရောက်ရှိနိုင် စေရန် ဆောင်ရွက်ပေးရန် “လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Burma)” မှ ထုတ်ပြန်လိုက်ပါ သည်။

                                                                                   

ဆက်သွယ်ရန်–

ပြောရေးဆိုခွင့်ရှိသူ – Mr. Jame

Signal: +919211614691 

1 thought on “ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးမှုအပေါ် “လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Burma)” ၏ ထုတ်ပြန်ချက်”

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top