Date: 18 June, 2026
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်နှင့် အနီးအနားကျေးရွာများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ် ၅ စီးမှ ၇ စီးအထိ အသုံးပြုကာ စစ်မြေပြင်ကဲ့သို့ ဗုံးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၈ ဦး သေဆုံးကာ ၁၇ ဦး (၅ ဦး စိုးရိမ်ရ) ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ရွာမ၊ ပိုက်သည်၊ လမ်းမတော် စသည့် ရပ်ကွက်နှင့် ကျေးရွာများရှိ နေအိမ်၊ ဈေးဆိုင်ခန်းပေါင်း ၃၀ ကျော်နှင့် ကျေးလက်ဆေးခန်းတစ်ခုတို့ မီးလောင်ပျက်စီးခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ လူမဆန်စွာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။ ယခုကဲ့သို့ စစ်ရာဇဝတ်မှုမြောက်သော လုပ်ရပ်များအပေါ် BHRW မှ ပြင်းထန်စွာ ရှုတ်ချလိုက်သည်။



Photos: crd


