ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က စက်တင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
ပစ်ခတ်မှုကြောင့် လူနေအိမ် ၂ လုံး၊ ရော်ဘာပင် ၃၅၀ ကျော်နှင့် အိမ်မွေးဝက်တစ်ကောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။


Photos: crd; KNU


