စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာအား စစ်ကောင်စီမှ နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

June 24, 2026

စစ်ကိုင်းတိုင်း၊ တမူးခရိုင်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့အား စစ်ကောင်စီတပ်မှ ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် K8W ဂျက်ဖိုက်တာ (၂) စီးဖြင့် ဗုံး (၄) လုံးကြဲ တိုက်ခိုက်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကနန်ကျေးရွာရှိ ဒေသခံ Pu Thangvunga ၏ နေအိမ်အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်အချို့နှင့် အိမ်မွေးတိရစ္ဆာန်များ များစွာထိခိုက်ပျက်စီးခဲ့သည်။ ယခုတိုက်ခိုက်မှုသည် ဇွန်လ ၂၁ ရက်နေ့က ခမ်းပတ်မြို့အား ဂျက်ဖိုက်တာဖြင့် ဗုံး (၄) လုံးကြဲချခဲ့ပြီးနောက် (၂) ရက်ဆက်တိုက် ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်သည်။​

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top