ရေးချောင်းဖျားဒေသရှိ အရပ်သားပစ်မှတ်များကို စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်၊ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Date: June 19, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့က နိပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ဆောက်လုပ်ထားသည့် နေအိမ်များကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ် ၆ လုံး ပျက်စီးခဲ့ရပြီး စာသင်ကျောင်းတစ်ဆောင်နှင့် နေအိမ်အများအပြား အနည်းငယ်ထိခိုက်ပျက်စီးခဲ့။ ရေးချောင်းဖျားဒေသ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်တပ်က ကျေးရွာများကို ပစ်မှတ်ထားကာ ဗုံးကြဲမှုများ ပြုလုပ်နေသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် အဆိုပါအိမ်ရာများမှာ တော်လှန်ရေးတပ်ဖွဲ့များ စခန်းချထားခြင်းမရှိဘဲ အရပ်သားဒေသခံများ နေထိုင်သည့် နေရာဖြစ်သည်။ ယခုကဲ့သို့ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ရှိတွင် ဒေသခံ ၁၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်တိမ်းနေရပါသည်။​

photos;crd

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top